Monday, April 28, 2008

Using snapping tool in Vista


အသုံးဝင်ပုံကတော့ Print Screen လိုမျိုး Screen တစ်ခုလုံးကို Screen Shot ရိုက်နိုင်သလို ကြိုက်တဲ့ နေရာ တစ်ကွက်ကိုပဲ Select မှတ်ပြီး Screen Shot ရိုက်နိုင်တဲ့ Built in tool တစ်ခုပါ။ Snipping Tool သုံးတဲ့နေရာမှာ ပြဿနာပေးတာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဥပမာအားဖြင့် Start Menu, Tooltips, Right Click Context တွေကို click သွားနိုပ်လိုက်တာနဲ့ Screen ပေါ်ကနေ ပျောက်သွားတာပါ။ အဲဒါတွေကို ဘယ်လို screen shot ရိုက်မလဲဆိုတာ အောက်မှာဆက်ဖတ်ကြည့်လိုက်ပါ။

၁။ Snipping Tool ကို အရင်ဖွင့်လိုက်ပါ (Start > All Programs > Accessories > Snipping Tool)
၂။ Snipping Tool တက်လာရင် "Esc" ကို တစ်ချက် နှိပ်လိုက်ပါ။ ဒါဆိုရင် Snipping Tool က Ready စောင့်နေလိမ့်မယ်။
၃။ ဥပမာ Start Menu ကို Screen Shot ရိုက်ချင်ရင် Start Menu ကိုအရင် နိုပ်လိုက်ပါ။ ပြီးတာနဲ့ Ctrl + Print Screen ကို နှိပ်ပေးလိုက်ပါ။
၎။ ဒါဆိုရင် Start Menu ပါ Screen ပေါ်မှာ ညိမ်သွားပါပြီး ။ အဲဒီအခါ Sniping Tool နဲ့ Shot ရိုက်လို့ ရသွားပါပြီ။

Note: The snipping tool doesn't exist on every version of Vista. To turn it on, you'll have to go to "Turn Windows features on or off" in Control Panel, and check the box for the Tablet PC utilities.

No comments: